Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Pyout Sone Nay Thaw Nate Ban Bone
စိုင်းထီးဆိုင်
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ငယ်စဉ်က ကလေးတို့ဘဝမှာ
ပျော်ပါးဖို့ရာ လွယ်ပါတယ်
ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ
စားချိန်မှာ ဝင်စားမယ်
အိပ်ချိန်မှာ ဝင်အိပ်မယ်
အပူအပင်ကင်းတဲ့ ကလေးလေးဘဝသာ
တစ်ခါ ပြန်ပြီိးရချင်သေးတယ်
အပြစ် မသိသေးတဲ့ ကလေးလေးဘဝကို
တစ်ခါ ပြန်ပြီးရောက်ချင်သေးတယ်
ဟိုစဉ်က လွတ်လပ်မှုဟာ
အခုများပျောက်လို့ နေပါပြီ
သံယောဇဉ်နဲ့ တုပ်နှောင်မြဲခဲ့
သွားချင်ရာကို မသွားနိုင်
လုပ်ချင်ရာကို မလုပ်နိုင်
အပူအပင်ကင်းတဲ့ ကလေးလေးဘဝသာ
တစ်ခါ ပြန်ပြီိးရချင်သေးတယ်
အပြစ် မသိသေးတဲ့ ကလေးလေးဘဝကို
တစ်ခါ ပြန်ပြီးရောက်ချင်သေးတယ်
ဖြူစင်တဲ့ နှလုံးသားလေးဟာ
အရောင်အမျိုးမျိုး စွန်း ပေနေပြီ
ဆန္ဒလွန်ကဲ စိတ်အလိုလိုက်လွယ်
အသုံးမဝင်တဲ့ နောင်တတွေ
လှုံ့ဆော်ကာ ကြေကွဲနေ
အပူအပင်ကင်းတဲ့ ကလေးလေးဘဝသာ
တစ်ခါ ပြန်ပြီိးရချင်သေးတယ်
အပြစ် မသိသေးတဲ့ ကလေးလေးဘဝကို
တစ်ခါ ပြန်ပြီးရောက်ချင်သေးတယ်