Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
မမြင့်
ပုံရိပ်
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ရယူခြင်းမဟုတ်တဲ့ အချစ်စစ်နဲ့
စွန့်စားပြီး ချစ်မယ်ဆိုတဲ့ မမြင့်ရယ်
အချိန်မတော် အိမ်ပြန်လမ်းထက်မှာ
ငါ့ကို ဆွေးသွားအောင် လုပ်ရက်တဲ့ဖိတ်စာရယ်
မင်းလက်ဆောင် ပေးထားတဲ့ပုဆိုးလေးအား
ငါမြတ်နိုးလွန်းလို့ကွယ် မဝတ်ပဲသိမ်းထားတယ်
(Oh Lar Lar Lar Lar)
နာကျင်မှာကို ငါပြန်တွေးမိတာ
အတူတူစီးခဲ့တဲ့ ဒီစက်ဘီးလေးထက်ဝယ်
ခန်းမကြီးလဲ လှနေပြီ
၁၉၈၆ ငါမေ့မရခဲ့ နေ့တွေ
တွေးလိုက်တိုင်းမှာ ငါ့မှာ အရင်လိုပဲ
(Oh ha)
အပေါင်းသင်းများက ပြုံးပျော်နေ
စကားတွေ တိတ်ဆိတ်လို့
ငါရှက်ပြုံးလေး ပြုံးနေပါမည်
သတိရမိတယ်မြင့်ရယ် မင်းကလေးမသိ
နေ့တွေတဖြည်းဖြည်းနဲ့ ပြောင်းသွားတော့
ငါပြန်တွေ့တဲ့ မြင့်ဟာ ကလေး လေးပွေ့ချီ
အရာရာ အရင်လိုမဟုတ်တော့တောင်
နင်ဟာ သိပ်လှဆဲမို့ အံ့သြမိသွားပြီ
ဟိုးမလှမ်းမကမ်းမှာ ကားတစီးတွေ့တော့
နင်မပြောပြလည်း ငါသတိထားမိသွားပြီ
(Oh Lar Lar Lar Lar)
ဒီလိုအခြေနေမှာ ငါအလိုက်သိလို့
အသာယာ ခေါင်းလေးငုံလို့ ရှောင်ထွက်ခဲ့ရပြီ
မေ့ပစ်ဖို့အတွက် ပြောဆိုရင်
ငါလေအကျင့် ဖြစ်သွားလို့
အဖြေမရှိတော့တဲ့ ငါ့အခြေအနေပါ
ဆေးလေးရှိရင် ငါ့ကိုလေ ပေးပါ
(Har har har)
အတိတ်က တို့ရဲ့ အကြောင်းတွေကို
ငါလေအမြဲ စဥ်းစားနေဆဲ
သတိရဆဲပါ မြင့်ရယ်
သတိရဆဲပါ မြင့်ရယ်
ခန်းမကြီးလဲ လှနေပြီ
၁၉၈၆ ငါမေ့မရတဲ့ နေ့တွေ
တွေးလိုက်တိုင်းမှာ ငါ့မှာ အရင်လိုပဲ
(Har har har)
အပေါင်းသင်းများက ပြုံးပျော်နေ
စကားတွေ တိတ်ဆိတ်လို့
ငါရှက်ပြုံးလေး ပြုံးနေပါမည်
သတိရမိတယ် မြင့်ရယ်
သတိရမိတယ် မြင့်ရယ်
သတိရမိတယ် မြင့်ရယ်
မင်းကလေး မသိ