Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Phay Theint Lite
Wine Wine
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
အားလုံးပြီးဆုံးသွားတော့
ရင်တစ်ခုလုံး ကြေသွားလား
ကိုယ်ချင်းစာပါတယ်
အိုသူငယ်ချင်း သိပ်မဆန်းဘူး
ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ
ဆုံးရှုံးခြင်းက ဒို့တတွေ
ပြေးမလွတ်နိုင်
မောပန်းလွန်းတဲ့ မင်းရဲ့ လိပ်ပြာလေး
ဖြေသိမ့်လိုက်
ကံကြမ္မာဆိုတာက
ချိုတစ်လှည့် ခါးတစ်လှည့်
အခုလည်း ဒီလိုပေါ့
အောင်မြင်လိုက် ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက် ကွဲခဲ့တဲ့မင်းနှလုံးသား
အက်ကြောင်းလေးက
အမြဲတမ်း အမှတ်တရပေါ့
ရှေ့ဆက်ရမယ့်
မင်းရဲ့ ဘဝအသစ်အတွက်
ဖြေသိမ့်လိုက်
သူငယ်ချင်း
ရှေ့ဆက်မင်းဘဝဟာ
အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ
တစ်ခါတစ်ရံမှာ ခါးသီးလည်း
ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်အချိန်က ကြေကွဲခြင်း
မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိ စီးပါစေ
အားတင်းကာ လျှောက်လေ
ကံကြမ္မာဆိုတာက
ချိုတစ်လှည့် ခါးတစ်လှည့်
အခုလည်း ဒီလိုပေါ့
အောင်မြင်လိုက် ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက် ကွဲခဲ့တဲ့မင်းနှလုံးသား
အက်ကြောင်းလေးက
အမြဲတမ်း အမှတ်တရပေါ့
ဆက်လျှောက်ရမယ့်
မင်းရဲ့ ဘဝအသစ်အတွက်
ဖြေသိမ့်လိုက်
သူငယ်ချင်း
ရှေ့ဆက်မင်းဘဝဟာ
အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ
တစ်ခါတစ်ရံမှာ ခါးသီးလည်း
ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်အချိန်က ကြေကွဲခြင်း
မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိ စီးပါစေ
အားတင်းကာ လျှောက်လေ
သူငယ်ချင်း
ရှေ့ဆက်မင်းဘဝဟာ
အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ
တစ်ခါတစ်ရံမှာ ခါးသီးလည်း
ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်အချိန်က ကြေကွဲခြင်း
မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိ စီးပါစေ
အားတင်းကာ လျှောက်လေ
စီးပါစေ
အားတင်းကာ
လျှောက်
လိုက်