Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Radio Kamar Yut
စိုင်းထီးဆိုင်
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ဟိုဘက်အိမ်က ညတိုင်း ညတိုင်း
စာအကျယ်ကြီးကျက်တတ်တဲ့ ဆယ်တန်းကျောင်းသူကို
ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ်
အိုး ရေဒီယိုကမာရွတ်ရဲ့ ကြိုးစားလိုက်စမ်းကွယ်
D တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ်
အိုး ရေဒီယိုကမာရွတ်ရဲ့ ကြိုးစားလိုက်စမ်းကွယ်

စာအုပ်ကိုင်ကာ ကျက်ရင်းလျှောက်ရင်း
တစ်ခါတစ်ခါ ပြတင်းဝကဖြတ်အလာ ချောင်းကြည့်သူရေ
ကိုယ်တို့ရှိလို့ အနှောင့်အယှက်ဖြစ်ရင်
အလည်လာတဲ့တစ်ရပ်သားမို့ ခွင့်လွှတ်ကွယ်
အိုး ရေဒီယိုကမာရွတ်ရဲ့ စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင် ဝမ်းနည်းရမယ့်သူတွေရှိတယ်

ဒီနေ့မှာတော့ ဒို့များရင်ထဲဟာနေရတဲ့အကြောင်းရင်း စိစစ်လိုက်ရှာတော့
ဆယ်တန်းတွေစာမေးပွဲပြီးလို့ ရေဒီယိုကမာရွတ်ပိတ်ထားခြင်းပဲ
အိုး ရေဒီယိုကမာရွတ်ရဲ့ တိတ်ဆိတ်လွန်းလို့ကွယ်
စာအံတဲ့အသံလေး တောင့်တမိသူတွေရှိတယ်