Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Nout Sone Thi Chinn
ထူးအိမ်သင်
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ဝါသနာထက် ကိုယ့်ဝမ်းရေးခက်တော့
ဒီသီချင်းဟာ ငါရဲ့နောက်ဆုံး
သီချင်းဖြစ်ရင် ဖြစ်မယ် မပြောတတ်ဘူး
ဟိုအရင်ကလို ဖက်ခွက်စားလို့
အခေါ်မခံရတာ တစ်ခုကလွဲရင်လေ
တို့ဘဝဟာ လုံးဝ မထူးသေးဘူး
အနုပညာကို ငွေဆိုတဲ့ဘုရားအတွက်
ပျော်တော်ဆက်ဖို့ရာ မဖြစ်စေလိုပါ
သူတောင်းစားသာသာ လူတွေစွန့်ကျဲသမျှ
မျှော်နေရတဲ့ဘဝ ရောက်နေသူမို့
ကိုယ်ချစ်တဲ့ အနုပညာကို
တကယ် စွန့်လွှတ်ရတော့မလား
ဝါသနာနဲ့ လူတန်းစေ့ဘဝကို
နေနိုင်အောင် ကိုယ်ကြိုးစားခဲ့ပေမယ့်
အခုထိတော့ လုံးဝ မထူးသေးဘူး
အနုပညာကို ငွေဆိုတဲ့ဘုရားအတွက်
ပျော်တော်ဆက်ဖို့ရာ မဖြစ်စေလိုပါ
သူတောင်းစားသာသာ လူတွေစွန့်ကျဲသမျှ
မျှော်နေရတဲ့ဘဝ ရောက်နေသူမို့
ကိုယ်ချစ်တဲ့ အနုပညာကို
တကယ် စွန့်လွှတ်ရတော့မှာ
ဝါသနာထက် ကိုယ့်ဝမ်းရေးခက်တော့
ဒီသီချင်းဟာ ငါရဲ့နောက်ဆုံး
သီချင်းဖြစ်ရင် ဖြစ်မယ် မပြောတတ်ဘူး