Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Jatsin Htate Ka La Yate Pyar
ထူးအိမ်သင်
Popularity · Low
+
🇲🇲 Burmese · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
နေဝင်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ်
ရင်မှာ နာကျင်စွာ ဆွေးတယ်
အဆောင်မှာ မှောင်ရီ ဝိုးတဝါးနဲ့
နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ်
နှလုံးသားက အစွဲအလန်းများလည်း
မီးလို လောင်ကျွမ်းဆဲ
လွမ်းမိတယ်
ဂစ်တာသံတွေရယ် ကိုယ်သီဆိုနေမယ်
ရင်ကိုခုန်စေတဲ့ သီချင်းရယ်
အမှောင်မှာ အသာအယာနားစွင့်ခဲ့
သူဟာ ခင်တွယ်နေမှာပါပဲကွယ်
အရင်းနှီးဆုံး နှလုံးသားများနဲ့
နားလည်နေခဲ့လည်း
အခုတော့ကွယ်
ဂျပ်ဆင်ထိပ်က လရိပ်လေးသာရယ်
(လွမ်းမိတယ်)
အဆောင်သူလေးကို ဆွေးမြေ့လို့ကြေကွဲ
(လွမ်းမိတယ်)
သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ
(လွမ်းမိတယ်)
အမှောင်ရိပ်ထဲမှာ တိတ်တဆိတ်မျက်ရည်ဝဲ
နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ
သူ ပြန်မလာနိုင်ပြီပဲ
ဘာကြောင့်လဲ ကိုယ်မသိခဲ့ပါ
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်
ရင်ခုန်နေစဉ်မှာ မြင်ယောင်လာပြန်တယ်
ပြာရီမှုန်ဝေတဲ့ အတွေးရယ်
ကိုယ်သာ မပီပြင်နိုးတဝက်နဲ့
အဆောင်သူရယ် အိပ်မက်ပေးတယ်
မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲ
လိပ်ပြာငယ်လေးဝဲ
အိုး ဟို
နေဝင်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ်
ရင်မှာ နာကျင်စွာ ဆွေးတယ်
အဆောင်မှာ မှောင်ရီ ဝိုးတဝါးနဲ့
နံရံတွေပေါ်မှာ ပုံရိပ်ကလေးရယ်
မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲ
လိပ်ပြာငယ်လေးဝဲ
အိုး ဟို
ဂျပ်ဆင်ထိပ်က လရိပ်လေးသာရယ်
(လွမ်းမိတယ်)
အဆောင်သူလေးကို ဆွေးမြေ့လို့ကြေကွဲ
(လွမ်းမိတယ်)
သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ
(လွမ်းမိတယ်)
မှောင်ရိပ်ထဲမှာ တိတ်တဆိတ်မျက်ရည်ဝဲ
နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ
သူ ပြန်မလာနိုင်ပြီပဲ
ဘာကြောင့်လဲ ကိုယ်မသိခဲ့ပါ
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်
(လွမ်းမိတယ်)
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်
(လွမ်းမိတယ်)
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်
(လွမ်းမိတယ်)
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်
(လွမ်းမိတယ်)
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်
(လွမ်းမိတယ်)
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်
(လွမ်းမိတယ်)
ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်
(လွမ်းမိတယ်)