Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Nal Myay Thit Myar Swar
အငဲ
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
အူး ဟူ ဟူ ဟူး ဟူး
အူး ဟူ ဟူ ဟူး ဟူး
ငါ စိတ်ကူးတွေ အဝေးကိုရွက်လွှင့်ဆဲ
ဘယ်လိုအခက်အခဲတွေ့လည်း
ရောက်အောင် ရှေ့ဆက်သွားစို့
ဘဝဟာ ဂိမ်းတစ်ခုဆိုလည်း
နောက်တစ်ခန်း သွားရမှာပဲ
ရန်သူတွေအများကြီးနဲ့
တိုက်ခိုက် ရှေ့ဆက်သွားစို့
ငါ့လက်ကို တွဲထားလိုက်ဦး
အကြင်နာတွေနဲ့ အားပေးလိုက်ဦး
အတူတူ တို့ရဲရင့်မယ်
အိုး ဟိုး
နယ်မြေသစ်များစွာ ရှေ့မှာ
အတူစွန့်စားကြစို့ မင်းနဲ့ငါ
နယ်မြေသစ်များစွာ ရှေ့က
အတူသိမ်းပိုက်မှာပဲ ဟေ့
အူး ဟူ ဟူ ဟူး ဟူး
ချွန်ထက်လွန်းတဲ့ မင်းဟာမြှားဆိုလည်း
ငါဟာလေ လေးတစ်စင်းပေါ့
သွားမယ် ပစ်မှတ်များအထိ
မင်းဟာ ဓားတစ်စင်းဆိုလည်း
ငါက ဒိုင်းတစ်လက်ပဲပေါ့
ဒီမှာ အမှန်တရားအတွက်ဆို
တို့နှစ်ယောက် အသက်စွန့်ကြစို့
မင်းလဲတဲ့အချိန် တွဲထားပေးဖို့
ဒဏ်ရာတွေကြုံလည်း နှစ်သိမ့်ပေးဖို့
အမြဲတမ်း မင်းအနားမှာ ငါအားပေးမယ်
ရဲရင့်ကြပါစို့
နယ်မြေသစ်များစွာ ရှေ့မှာ
အတူစွန့်စားကြစို့ မင်းနဲ့ငါ
နယ်မြေသစ်များစွာ ရှေ့က
အတူသိမ်းပိုက်မှာပဲ ဟေ့
ငါတို့ရှေ့မှာ အတားအဆီးများ
ဘာမှကိုမကြောက်ဘူး ရှေ့ဆက်မှာ
ငါတို့ရှေ့မှာ ပိတ်ဆို့သူ
အားလုံးတိုက်ခိုက်မယ် လာရင်ဆိုင်မယ်
အူ ဟူ ဟူ ဟူး ဟူး
ဟူ ဟူး ဟူး
နယ်မြေသစ်များစွာ ရှေ့မှာ
အတူစွန့်စားကြစို့ မင်းနဲ့ငါ
နယ်မြေသစ်များစွာ ရှေ့က
အတူသိမ်းပိုက်မှာပဲ အချစ်လေး
နယ်မြေသစ်များစွာ (သွားစို့)
ရှေ့မှာ (သွားကြစို့)
အတူစွန့်စားကြစို့ မင်းနဲ့ (မင်းနဲ့)
နယ်မြေသစ်များစွာ (သွားကြစို့) (သွားကြစို့)
ရှေ့က (ဟိုး)
အတူသိမ်းပိုက်မှာပဲ ဟေ့
နယ်မြေသစ်များစွာ
နယ်မြေသစ်များစွာ
(သွားကြစို့) (သွားကြစို့)