Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Nuu Nyant Tae A Maint Taw
လေးဖြူ
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
မျက်ဝန်းများနဲ့ သူရယ်ကိုယ် ဆုံတွေ့တဲ့ခဏ
မျက်ဝန်းများနဲ့ အချစ်ကို တွေ့ရှိခဲ့ကြ
လောကကြီးနဲ့ အဆက်ဖြတ်ကာ လေဟာနယ်ထဲ
မိုးသားများအဖြစ် တို့နှစ်ဦး မျောလွင့်သွားကြ
နှလုံးသားထဲ ထိန်းချုပ်မရ ပြေးထွက်မရ အချစ်ရဲ့ဆွဲအား
ထူးဆန်းတဲ့ တန်ခိုးများက တို့ကို ခေါ်ဆောင်သွားကြ
တိမ်လိုလွင့်မျောလိုက် တိမ်လိုပြိုလဲလိုက်
စေညွှန်ရာလွင့်ခဲ့ အချစ်ရေ လေညှင်းနဲ့
မင်းနဲ့တို့နှစ်ယောက် ခရီးထွက်ခဲ့
နူးညံ့တဲ့အမိန့်တော်အတိုင်း
တိမ်လိုနိမ့်ဆင်းလိုက် တိမ်လိုမြင့်သွားလိုက်
နာကျင်မယ့်ငရဲလား ကောင်းကင်ဘုံလေးလား
ရေး တို့နှစ်ယောက် အတူတူ ရွက်လွှင့်ခဲ့
နူးညံ့တဲ့အမိန့်တော်အတိုင်း
လေဟုန်စီးရင်း ရင်ခုန်တဲ့အချစ်
လောကကြီးရဲ့ ဆွဲအားကို ငြင်းပယ်ရင်း
လမင်းလေးရဲ့ အလင်းမှာခိုလှုံရင်း
အိပ်မက်လား တကယ်လား ရောထွေးသွားခြင်း
နှလုံးသားထဲ ထိန်းချုပ်မရ ပြေးထွက်မရ အချစ်ရဲ့ဆွဲအား
ထူးဆန်းတဲ့ တန်ခိုးများက တို့ကို ခေါ်ဆောင်သွားကြ
တိမ်လိုလွင့်မျောလိုက် တိမ်လိုပြိုလဲလိုက်
စေညွှန်ရာလွင့်ခဲ့ အချစ်ရေ လေညှင်းနဲ့
မင်းနဲ့တို့နှစ်ယောက် ခရီးထွက်ခဲ့
နူးညံ့တဲ့အမိန့်တော်အတိုင်း
တိမ်လိုနိမ့်ဆင်းလိုက် တိမ်လိုမြင့်သွားလိုက်
နာကျင်မယ့်ငရဲလား ကောင်းကင်ဘုံလေးလား
ရေး တို့နှစ်ယောက် အတူတူ ရွက်လွှင့်ခဲ့
နူးညံ့တဲ့အမိန့်တော်အတိုင်း
ပြေးထွက်မရ အချစ်ရဲ့ဆွဲအား

ရေး မင်းနဲ့တို့နှစ်ယောက် ရွက်လွှင့်ခဲ့
နူးညံ့တဲ့အမိန့်တော်အတိုင်း