Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
A Lwan Pyay a Nann (2022 ver.)
ဘန်နီဖြိုး
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
တရွေ့ရွေ့ပြောင်းလို့သွားခဲ့ နေ့ရက်တွေ
အလွမ်းများက တိုးလို့နှိပ်စက်နေ
တမ်းတခဲ့ မင်းရဲ့အငွေ့အသက်လေး
အနားနား အမြဲရှိစေချင် ငါ့ရဲ့ ညနဲ့ မနက်တွေထဲ
ဘယ်တော့မှတို့နှစ်ယောက် နီးမှာလဲ
ဘယ်အချိန်ထိ ငါစောင့်ရမလဲ
တကယ်ကို တမ်းတမိတယ် မင်းရဲ့ အနမ်းတွေလည်း
ငါတို့ရဲ့ အမှတ်တရများစွာလည်း
မင်း မေ့မပစ်လိုက်ပါနဲ့
ဘယ်လိုနေရာတွေဝေးလို့ သွားပါစေ
ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်း
ကြယ်ပွင့်လေးများ လမ်းပြဦး
ကောင်မလေးနဲ့ နီးနိုင်ဖို့
အနေဝေးလို့သွေးအေးသွားမှာ ငါကြောက်လို့
မင်းစိတ်ထဲ အမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့
အခုတော့ ဖုန်းလေးထဲပဲ အလွမ်းပြေ အနမ်းတွေပေး
ဟိုး ဝို အင်မ် ဟင်မ်း
ငါ့ကိုအမြဲလို သည်းခံနားလည်ပေးသူ
ပြဿနာတိုင်းဟာ သူရဲ့အမှားလို့ တွေးသူ
အဝေးမှာရောက်နေလည်း စိတ်သာချဘေးလူ
စကားတွေ နားမယောင်နဲ့ ငါတို့ ဘယ်တော့မှ မဝေးဘူး
စွယ်တော်ပင်က အရွက်လေးလို
နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆို
တစ်နေ့တော့ပေါင်းမယ် ငါတို့နှစ်ယောက်ရဲ့ နှလုံးသား နှစ်ခုလည်း
တစ်ခုတည်း အဖြစ်သို့ ရောက်နိုင်ဖို့
ငါတို့ရဲ့အမှတ်တရ များစွာလည်း
မင်း မေ့မပစ်လိုက်ပါနဲ့
ဘယ်လိုနေရာဝေးလို့ သွားပါစေ
ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်း
ကြယ်ပွင့်လေးများ လမ်းပြဦး
ကောင်မလေးနဲ့ နီးနိုင်ဖို့
အနေဝေးလို့ သွေးအေးသွားမှာ ငါကြောက်လို့
မင်းစိတ်ထဲ အမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့
အခုတော့ ဖုန်းလေးထဲပဲ အလွမ်းပြေ အနမ်းတွေပေး
အိုး ဝိုး ဟို
မင်းစိတ်ထဲ အမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့
အခုတော့ ဖုန်းလေးထဲပဲ
အလွမ်းပြေ အနမ်းတွေပေး