Skip to content

Pyee Khae Thaw Zat Lan A Kyin

Sai Sai Kham Hlaing
Popularity · Low

YouTube

Searching YouTube...

Lyrics

ငါရှုပ်ထွေးတဲ့ လူ့ဘဝမှာရိုးသားချင်ဖူးတယ် စာတော်တဲ့ကျောင်းသားတစ်ယောက် ဖြစ်ချင်ဖူးတယ် ကြိုးစားခဲ့ဖူးတယ် ဆုတွေလည်းဆွတ်ခူးတယ် ကလေးဘဝ မိသားစုနဲ့ကြည်နူးခဲ့ ငါစွဲလမ်းယစ်မူးတဲ့စိတ်ဆန္ဒတစ်ခုက အဆိုတော်ကြီးဖြစ်ဖို့ စိတ်ကူးနဲ့ရူးတယ် ဆယ်ကျော်သက်အရွယ် အိမ်မှာနောက်ထပ်မနေချင်ဘဲ အုတ်ခုံမှာဂစ်တာတီးတဲ့ အပေါင်းအသင်းတွေအသေခင်တယ် စာတွေမသင်ချင်ဘဲ ငါရည်းစားတွေပဲထားချင် ကျူရှင်ခတွေတောင်းပြီး အပြင်ကိုလျှောက်ပြီးသွားချင် Game ကစားချင် အိမ်ကပိုက်ဆံနှိုက်ခဲ့ ဆိုးတဲ့ငါ အကျိုးမဲ့စွာ ပေတေပြီးမိုက်မဲ လက်ဖက်ရည်ဆိုင်နဲ့ လမ်းပေါ်ကရန်ပွဲတွေ မနေ့တစ်နေ့က အဖြစ်အပျက်လို လွမ်းမိနေတုန်းပဲ ဆရာမတွေ ခေါင်းကိုက်အောင်သောင်းကျန်းခဲ့ လူကြီးတွေကလည်း မင်းဒီအိမ်ကနေပြောင်းစမ်းတဲ့ အိပ်မက်များ ငါမက်ရင်း အပြာရောင်မိုးသားထဲ လွင်ပြင်များရဲ့အလယ် တိမ်လိုပဲ မျောလွင့်ရင်း ဒီဘဝကြီးအဓိပ္ပါယ် ဘာတွေအရေးကြီးသလဲ ရှာဦးမယ် အို လောကရဲ့အဓိပ္ပါယ် ရှာဦးမယ် ငါရည်မှန်းတဲ့ဘဝအတွက် မျှော်လင့်ချက်များအတွက် ရန်ကုန်မြေကိုနင်းခဲ့တာ သုံးရာခြောက်ဆယ့်ငါးရက် ၄၈ ကားကိုစီးလို့ မြို့ထဲကိုလျှောက်ကာထွက် သင်တန်းတွေလျှောက်ကာတက် လူကလည်းမြောက်ကာတက် ငါတစ်ယောက်တည်း မျောလွင့်ခဲ့ အချိန်က လုပ်ချင်တာဖြစ်ချင်တာ စိတ်တွေကများ Model ကြီးဖြစ်ချင်တယ် အဆိုတော်လည်းရူးတယ် ရုပ်ရှင်တွေကြည့်ပြီးတော့ ဇာတ်လိုက်လည်းရူးတယ် Vcd ရိုက်တဲ့ဝင်ငွေနဲ့လည်းရပ်တည်ဖူးတယ် ခပ်တည်တည်နဲ့ shooting တွေလည်း ရပ်ကြည့်ဖူးတယ် ချောကလက်ရောင်ရေခဲအိမ်မက် အခွေကိုလည်းဖြန့်ချိဖူးတယ် အမှတ်မရှိဘဲ မကြာခဏလည်း heart ထိဖူးတယ် ကြော်ငြာTv နဲ့ စူပါစတားတွေလည်း ငါသိပ်ကိုအားကျပြီးအရမ်းကိုရူးသွပ်ပြီးမိုက်မဲ ငါကြိုက်တဲ့မိန်းကလေးတစ်ယောက်ကိုအသည်းအသန်လိုက်ခဲ့ ကမာရွတ်၂ ကျောင်းရှေ့မှာအချစ်ရဲ့မှတ်တိုင်စိုက်ခဲ့ အိပ်မက်များ ငါမက်ရင်း အပြာရောင်မိုးသားထဲ လွင်ပြင်များရဲ့အလယ် တိမ်လိုပဲ မျောလွင့်ရင်း ဒီဘဝကြီးအဓိပ္ပါယ် ဘာတွေအရေးကြီးသလဲ ရှာဦးမယ် လောကရဲ့အဓိပ္ပါယ် ရှာဦးမယ် ဖြစ်ချင်မှုတွေအောက်မှာ အရင်းအနှီးတွေနဲ့ ရယူခြင်းရဲ့နောက်မှာ ဒီလိုပေးဆပ်ခြင်းတွေနဲ့ အချိန်တွေ ပုံအောပြီးတော့ရလာတဲ့ရလဒ် အခု မထူးခြားသေးပါဘူးဟေ့ ဘဝဆိုတာဟာပြဇာတ် ကနေရင်း ပြရင်းနဲ့ ဖြစ်ပျက်ခဲ့ဇာတ်လမ်း သူငယ်ချင်းများစွာနဲ့ ဖေဖော်ဝါရီမှတ်တမ်း အသည်းတွေလည်းကွဲအက်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်ဖူးပြီ တခါတလေလည်း ငါအောင်မြင်မှုနဲ့ယစ်မူးသည် ချစ်သူတွေကလက်ဆောင်ပန်းစည်းတွေပေး တချို့တွေက ဆဲရေးလို့ရေသန့်ဗူးနဲ့ကျွေး အချစ်ရှိရင်အမုန်းရှိမယ် အဖြူရှိရင်အမည်းရှိမယ် သဘာဝတရားပဲ အတက်ရှိတော့ အဆင်းရှိမယ် ဒီဘဝအတွက်တော့ ကံတရားကိုဦးညွှတ်တယ် စိတ်ဖိစီးမူ ဖိအားတွေနဲ့ ရူးသွပ်ဆဲ ငါဟာအဲဗားဂေါ်လီ အနုပညာနဲ့အထူးပျော်သည် ပရိသတ်အတွက် ငါ့နာမည်ကို စိုင်းစိုင်းဟုခေါ်သည် အိပ်မက်များ ငါမက်ရင်း အပြာရောင်မိုးသားထဲ လွင်ပြင်များရဲ့အလယ် တိမ်လိုပဲ မျောလွင့်ရင်း ဒီဘဝကြီးအဓိပ္ပါယ် ဘာတွေအရေးကြီးသလဲ ရှာဦးမယ် အို လောကရဲ့အဓိပ္ပါယ် ရှာဦးမယ် ရှေ့ဆက်မယ့် ဘဝရဲ့အဓိပ္ပါယ် ရူးသွပ် ရှာဖွေနေဦးမယ် ရှေ့ဆက်မယ့် လောကအဓိပ္ပါယ် မျောလွင့် ရှာဖွေနေဦးမယ် ရှေ့ဆက်မယ့် ဘဝရဲ့အဓိပ္ပါယ် ရူးသွပ် ရှာဖွေနေဦးမယ် ရှေ့ဆက်မယ့် လောကအဓိပ္ပါယ် မျောလွင့် ရှာဖွေနေဦးမယ်