Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
A Phyu That That
L လွန်းဝါ
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
အချစ်က အကြီးမားဆုံးအဖြစ် နေရာယူထားတော့
ငါဟာ ရိုးသားစွာ နမ်းရှိုက်ခဲ့သူ အပိုတွေ ငါမပြောတတ်
မင်းဘေးကချစ်သူထက် ငါဟာ အဖြူသက်သက်
တစ်ချိန်မှာ အစမ်းသပ်ခံ ငါ့ရဲ့အသည်းကို
နင်လေ ချန်လို့ မငဲ့ ရပါတယ်...
မင်းအတွက် အမှတ်တမဲ့များက ဒီမှာတစ်ဘဝလုံးနဲ့
ပုံကာ ငါ့ရဲ့မေတ္တာ ငါ့ရဲ့သစ္စာ ရင်ခွင်ဟာ ဟက်တက်
ငါ့ရဲ့အားနည်းချက်က အလိမ်အညာတွေကင်းမဲ့
အရောင်တွေ အစွန်းမရှိချိန် အမှားလို့ မင်းထင်
ဒီလူတန်ဖိုး မင်းမသိရင်
ငါ မျက်ရည်တွေမကျဘူး
ဘယ်သူ့စကားကိုမှ မယုံဘူး
ငါ့အရှုံးဆိုတာ မရှိဘူး
ရင်မှာ အဖြူသက်သက်
လှည့်စားနေတာသိလည်း
ကျေနပ်စွာ ခံယူနေမယ်
ငါ အသက်ရှင်စွာ အမြဲရှိနေသရွေ့ ခွင့်လွှတ်တယ်
ရင်မှာ အဖြူသက်သက်
မင်းအတွက် အမှတ်တမဲ့များက ဒီမှာတစ်ဘဝလုံးနဲ့
ပုံကာ ငါ့ရဲ့မေတ္တာ ငါ့ရဲ့သစ္စာ ရင်ခွင်ဟာ ဟက်တက်
ငါ့ရဲ့အားနည်းချက်က အလိမ်အညာတွေကင်းမဲ့
အရောင်တွေ အစွန်းမရှိချိန် အမှားလို့ မင်းထင်
ဒီလူတန်ဖိုး မင်းမသိရင်
ငါ မျက်ရည်တွေမကျဘူး
ဘယ်သူ့စကားကိုမှ မယုံဘူး
ငါ့အရှုံးဆိုတာ မရှိဘူး
ရင်မှာ အဖြူသက်သက်
လှည့်စားနေတာသိလည်း
ကျေနပ်စွာ ခံယူနေမယ်
ငါ အသက်ရှင်စွာ အမြဲရှိနေသရွေ့ပေါ့
ရင်မှာ အဖြူသက်သက်
ငါ မျက်ရည်တွေမကျဘူး
ဘယ်သူ့စကားကိုမှ မယုံဘူး
ငါ့အရှုံးဆိုတာ မရှိဘူး
ရင်မှာ အဖြူသက်သက်
လှည့်စားနေတာသိလည်း
ကျေနပ်စွာ ခံယူနေမယ်
ငါ အသက်ရှင်စွာ အမြဲရှိနေသရွေ့ပေါ့
ရင်မှာ အဖြူသက်သက်
ငါ မျက်ရည်တွေမကျဘူး
ဘယ်သူ့စကားကိုမှ မယုံဘူး
ငါ အသက်ရှင်စွာ အမြဲရှိနေသရွေ့ ခွင့်လွှတ်တယ်
ရင်မှာ အဖြူသက်သက်
လှည့်စားနေတာသိလည်း
ကျေနပ်စွာ ခံယူနေမယ်
ငါ အသက်ရှင်စွာ အမြဲရှိနေသရွေ့ ခွင့်လွှတ်တယ်
ရင်မှာ အဖြူသက်သက်