Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Kyay Zuu Par Kwal
Shine
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ဘာကြောင့်ရယ် မမျှော်လင့်ဘဲ
ကိုယ်ဟာမင်းနဲ့မှ တွေ့ဆုံခဲ့
နာကျင်ဖို့အတွက် ပြီးပြည့်စုံတဲ့
ကံကြမ္မာရထားကြီး၀ယ်
ဘူတာမှားတဲ့ခရီးသည်
ကိုယ်မသိခဲ့ (ကိုယ်မသိခဲ့)
ဒီလိုမျိုးအသည်းကွဲရနိုင်တယ်
အိပ်မက်ထဲကအိပ်မက်ပါပဲ
အကုန်မှုန်ဝါးပီး
ဒဏ်ရာများနဲ့တည်
မျက်ရည်များနဲ့ ကိုယ်နိုးထရတယ်
ဘယ်လိုမှအဖြေရှာမရခဲ့ ဘာကြောင့်လဲ
မင်းအပြုံးလေးတွေနဲ့လက်ဖဝါးငယ်(အတူတွဲ)
တွဲခွင့်မရှိတော့ပါ ထာ၀ရကွယ်
ဘယ်နတ်ဘုရားရဲ့ လှည့်စားမှုကြောင့်လဲ
မသိနိုင်တယ် (အိုဝိုးဝိုး)
တကယ်ကိုဝေးခဲ့ပြီပဲ
အချစ်တွေရယ် ကတိတွေရယ်
အရာရာပျက်စီးပြိုလဲ
ရင်မှာ၀မ်းနည်း ကြေကွဲ
အသည်းကွဲဖို့ကံပါလာကြတယ်
ပေါင်းစပ်ခွင့်မရှိတာငါနားလည်
ပြန်ဆုံရဖို့ ဆုမတောင်းတော့ပါဘူး ချစ်သူရယ်
အရာရာတွက် ကျေးဇူးတင်တယ်
ကိုယ်ရူးပြီး
ဘာတွေဆက်လုပ်ရတော့မယ်မသိ
ရှင်သန်ဖို့အတွက် နေ့သစ်တွေမရှိ
အကုန်ဗလာနတ္ထိ
ကာလာမဲ့တဲ့ပန်းချီ
မေးခွန်းများစွာနဲ့ ဆွေးလွန်းလှပါတယ်
ဆောင်းညတွေလည်း တစ်ယောက်တည်းပဲ
လေနှင်ရာသာလွင့်တော့မယ်
လှေ တစ်စင်းရယ်
မျှော်လင့်ချက်မဲ့
သတ်မှတ်ပီးသား
ကံအကြောင်းတရားများရယ်
လွန်ဆန်ဖို့ ခွန်အားမရှိတော့ပါလားကွယ်
မင်းအပြုံးလေးတွေနဲ့လက်ဖဝါးငယ်(အတူတွဲ)
တွဲခွင့်မရှိတော့ပါ ထာ၀ရကွယ်
ဘယ်နတ်ဘုရားရဲ့ လှည့်စားမှုကြောင့်လဲ
မသိနိုင်တယ် (အိုဝိုးဝိုး)
တကယ်ကိုဝေးခဲ့ပြီပဲ
အချစ်တွေရယ် ကတိတွေရယ်
အရာရာပျက်စီးပြိုလဲ
ရင်မှ၀မ်းနည်း ကြေကွဲ
အသည်းကွဲဖို့ကံပါလာကြတယ်
ပေါင်းစပ်ခွင့်မရှိတာ ငါနားလည်
ပြန်ဆုံရဖို့ ဆုမတောင်းတော့ပါဘူး
ချစ်သူရယ် အရာရာတွက်
ကျေးဇူးတင်တယ်
အရာရာတွက် ကျေးဇူးပါကွယ်