Sin Sar Par Oo
Popularity · Low
YouTube
Searching YouTube...
Lyrics
ဟန်ဆောင်စကားတွေ
ဘာတစ်ခွန်းမှမပြောခဲ့တာ လည်းမင်းအသိပါဘဲ
ဟန်ဆောင်အလှတွေ
ဘာတစ်ခုမှမပြခဲ့တာလည်း
မင်းအသိပါဘဲ
နေချင်ရင်ကိုယ့်သဘောနဲ့နေ
မနေချင်ရင်သွားပေါ့
မတားပါဘူး
လူဆိုတာကိုယ့်အကြောင်းနဲ့ကို
နေရာတိုင်း တစ်ယောက်အကြိုက်
မလိုက်နိုင်ဘူး
တစ်ခါငိုရရင်
တစ်ခါမကပြုံးခဲ့ဖူးတာလည်း
မမေ့လိုက်နဲ့ဦး
အချိန်ရှိသေးတယ်
နောက်ဆုံးလို့နှုတ်မဆက်ခင်မှာ
စဉ်းစားပါဦး
နေချင်ရင်နေလိုက်ကြရုံ
မနေချင်ရင်သွားပေါ့
မတားပါဘူး
လူဆိုတာမာနနဲ့ပါ
နေရာတိုင်းဝောာ့
အရှုံးမပေးနိူင်ဘူး
မလွယ်တာတွေ့ရင်
ပိုခက်တဲ့တစ်ခြားဘဝတွေကို
ငဲ့ကြည့်ပါဦး
အလိုဆန္ဒတွေ
မပြည့်လိုအမုန်းမဖက်ခင်မှာ
စဉ်းစားပါဦး
နေချင်ရင်ကိုယ်အသိနဲ့နေ
မနေချင်ရင်သွားပေါ့
မတားပါဘူး
လူဆိုတာသူစွမ်းသလောက်သာ
အရာရာတိုင်းတော့
လုပ်မပေးနိုင်ဘူး