Skip to content

မိုးရေ

Popularity · Low

YouTube

Searching YouTube...

Lyrics

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဖြစ်မယ် မိုးတွေသည်းတဲ့တစ်ရက်ပေါ့ အဲနေ့ နေ့လယ်မှာငါ အိမ်ရှေ့ပြတင်းပေါက်နားမှာ ထိုင်နေဖြစ်တယ် အဲပြတင်းပေါက်ကနေပြီးတော့ ခပ်လှန်းလှန်းမှာရှိတဲ့ အိမ်အပြင်ကပေါ့ သစ်ပင်တစ်ပင်ကို လှန်းကြည့်မိတယ် အဲမှာအဲသစ်ပင်က မိုးရေထဲမှာ သစ်ကိုင်းနေက ယိုင်းခါနေတာ တစ်ပင်လုံးလည်း မိုးရေတွေရွှဲလို့ ပတ်ဝန်းကျင်ကလည်း အေးနေ အဲအချိန်မှာပဲ ငါ့ခေါင်းထဲမှာ စကားလုံးတစ်လုံး စာသားအပိုင်းအစတစ်ခု ပြုတ်ကျလာတယ် အဲတာဒီသီချင်းရဲ့အစပေါ့ မိုးကမစဲသေး အိမ်အပြင်ဘက်မှာ သည်းနေဆဲ ဝန်းကျင်စိုရွှဲနေခဲ့ သစ်ပင်တို့ရဲ့ဟိုးအထက်မှာ တိမ်တို့ညိုမည်း လေပြင်းတချို့နဲ့ အငြိုးဖွဲ့ ထားသမျှကို ဖွင့်ချ မရိုးတဲ့ လောကထဲ လောဘနဲ့ ငါတို့သွား မိုးစက်တွေကြား ဒေါသတွေပါ စိတ်ထဲထား အကြိုတ်အခဲများ ချိတ်ဆွဲထား နှလုံးသားထဲမှာ အရိပ်မည်းများအပြည့်နဲ့ ဝေ့လည် ဆန္ဒရဲ့အဆုံးသတ်ကို ဘယ်တော့များမှ တွေ့မလဲတွေးတယ် စီးကရက်ပြာကိုခြွေရင်းနဲ့ ရှိုက်ထုတ်လိုက်တဲ့ မီးခိုးတွေက ငါ့ကိုစွန့်ပစ်ကာ အထက်သို့တက် လွတ်လပ်စွာ အထွန့်တက်စရာမရှိ မလွတ်မြောက်သေးတဲ့ငါ အသွင်လှတဲ့နွယ်တွေထဲမှာ ဆက်လက်တွယ်ငြိ မီးကိုတိုးတဲ့ ပိုးဖလံလို လောင်ကျွမ်းခံနေ တကယ်အဆိုးဒဏ်မမှုပဲ ကိုယ်တိုင်ဆောက်တဲ့ ထောင်နန်းစံနေ ယစ်မူးနေတဲ့ သူရူးလေမို့ စူးသမျှကိုမမှုပေ တဖန်ထပ်စူးရဖို့ အူမြူးနေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးကမစဲပဲ အိမ်အပြင်ဖက်မှာသည်းနေဆဲ ဆက်သည်းနေမြဲ မိုးရေစက်တွေမနည်း ကမ္ဘာမြေပြင်ဟာရွှဲ ငါတွေးမိနေဆဲ အတွေးငြိနေခဲ့ အတွေးအသိတွေနဲ့ ဘဝကိုပြန်ရေးကြည့်ချင်သလား အစက မလှပခဲ့တာတွေ ပြန်ပြင်ပြီးတော့ အကျအန ဆိုတော့လည်း မဟုတ်ဘူး မရမက သွတ်သွင်းပြီး စွတ်နင်းရတာမှမဟုတ်ပဲ ဘဝက ငါဖမ်းမရခဲ့တဲ့ လိုချင်သမျှကို ငါလွှတ်ချနိုင်ခဲ့တာ ငါ့ရဲ့အထွဋ်အထိပ် နိုင်ပွဲများ ဘဝဆိုတဲ့ဂွေကို ငါ့စိတ်နဲ့ထိန်းကျောင်း မလဲမစောင်း လိမ့်နိုင်ခဲ့တာ ဒီနေ့ထိတိုင်ပဲကွ အေးဆေးပဲထိုင်နေတယ် ဘဝမှာ ငါဘယ်သူလဲ ငါသိတယ် မလိုဘူး မတ်တပ်ထပြစရာ ကျပ်သပ်နေတဲ့ လောကတွေထဲ မဝင်ငါ လက်ဖတ်ရည်သောက်ပြီး မေ့တတ်နေခဲ့စဥ် ဟုတ်တယ် လက်ဖတ်ရည်သောက်ရင်း အေးဆေးပဲပေါ့ ဘဝထဲမှာရွေ့နေဆဲ ဖြည်းဖြည်းပဲ ပြဿနာတွေကတော့ ကြုံတာပဲပေါ့ ကြီးကြီးငယ်ငယ် ဘယ်သူဖြစ်ဖြစ် ဒါမဲ့လည်း ဒါတွေကလည်း သူ့ဟာသူတစ်နည်းနည်းနဲ့တော့ ပြီးသွားတာပဲလေ အဲလိုပြီးသွားပြီးတော့ တစ်ရက်တစ်ရက် အသစ်တွေထပ်လာရင်းနဲ့ အခု ဒီနေ့ရောက်တာတာပေါ့ ဒီနေ့ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ မိုးရေ