Min Shi Tae Myoe
Popularity · Low
Listen
YouTube
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
အမှတ်မထင်ဘဲ
ဒီမြို့ငယ်လေးမှာဆုံတယ်
မင်းကိုပဲ ငါတစ်သက်စာဆုတောင်းမိတယ်
ဘယ်တော့ပြန်တွေ့မယ်
မသိနိုင်လည်း
စိတ်ထဲမှာတော့ယုံကြည်ဆဲ
တစ်နေ့မှာတော့ ငါတို့တွေဆုံဆည်းရမယ်
နင် မမေ့လိုက်နဲ့
နေဝင်ရင် ငါတို့ခွဲရမယ်
အိမ်ပြန်ချိန်ခဏလေး နှုတ်ဆက်ချိန်ရောက်လည်း
ဒို့နှစ်ယောက်လုံးအတွက်အမှတ်တရအဖြစ်နဲ့
ငါ့့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး
ငါပြန်သွားတဲ့အခါ
နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ
တစ်နေ့နေ့မင်းလေးရှိရာမြို့ထဲ
ငါ အရောက်လာမယ်
ယုံကြည်ထားဆဲပါ
ငါ့ အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့
ရှင်နေဦးမှာ
ညနေဖက်ဆို
ငှက်ငယ်လေးတွေကြည့်ရင်း
မင်းဆီအရောက် ပြန်ဝဲလာချင်တဲ့စိတ်တွေ
ငါထိန်းမရခဲ့
အိပ်မက်ထဲ ငါမင်းဆီအမြဲပြန်လာတယ်
မြို့ငယ်လေးမှာ တို့တွေဆုံတွေ့ကြသတဲ့
တကယ်တော့ဝေးဆဲ
နေဝင်ရင် ငါတို့ခွဲရမယ်
အိမ်ပြန်ချိန်ခဏလေး နှုတ်ဆက်ချိန်ရောက်လည်း
ဒို့နှစ်ယောက်လုံးအတွက်အမှတ်တရအဖြစ်နဲ့
ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး
ငါပြန်သွားတဲ့အခါ
နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ
တစ်နေ့နေ့မင်းလေးရှိရာမြို့ထဲ
ငါ အရောက်လာမယ်
ယုံကြည်ထားဆဲပါ
ငါ့ အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့
ရှင်သန်နေမယ်
တို့နှစ်ဦးအချစ်တို့ရှိရာမြို့လေးထဲ
ငါလည်းတစ်နေ့တော့အရောက်ပြန်လာမယ်
မင်းအတွက်
ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး
ငါပြန်သွားတဲ့အခါ
နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ
တစ်နေ့နေ့မင်းလေးရှိရာမြို့ထဲ
ငါ အရောက်လာမယ်
ယုံကြည်ထားဆဲပါ
ငါ့ အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့
ရှင်နေဦးမှာ
ယုံကြည်ထားဆဲပါ
ငါ့ အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့
ရှင်နေဦးမှာ