Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
A Saung Tha Ye
ဖိုးချို
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
မာလာဆောင်နဲ့ ပတ်သက်လို့
ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ်
ပုံပြင်ထဲက ဇာတ်လိုက်ကြီး
ဘယ်သူလဲလို့ မမေးပါနဲ့
မာလာဆောင်နဲ့ ပတ်သက်လို့
ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ်
ပုံပြင်ထဲက ဇာတ်လိုက်ကြီး
ဘယ်သူလဲလို့ မမေးပါနဲ့
အဆောင်မှာပွင့်တဲ့ ပန်းကြောင့်လား
ဂန္တဝင်မြောက်မယ့် အချစ်ကြောင့်လား
အဆောင်နားတစ်ဝိုက် တဝဲလည်လည်
အဆောင်နားမှာ သီချင်းဆိုတယ်
ထမင်းမှစားရဲ့လား
ရေတစ်ခွက်မှ သောက်ရဲ့လား
ဘာကိုမှလည်း စိတ်မဝင်စား
အဆောင်ရှေ့မှာ ကျင့်တဲ့တရား
မနက်မနက် ကြည့်ကြည့်ပါ
နေ့ခင်းဘက် ကြည့်ကြည့်ပါ
ညည ကြည့်ကြည့်ပါ
တွေ့လိမ့်မယ် အမြဲတမ်းရှိလိမ့်မယ်
အဆောင်မှာပွင့်တဲ့ ပန်းကြောင့်လား
ရာသီဥတု အစွမ်းကြောင့်လား
သူလေ အခုတော့ဆေးရုံမှာ
အဆောင်သူလေးအကြောင်း ညည်းနေရှာ
အဆောင်မှာပွင့်တဲ့ ပန်းကြောင့်လား
ရာသီဥတု အစွမ်းကြောင့်လား
သူလေ အခုတော့ဆေးရုံမှာ
အဆောင်သူလေးအကြောင်း ညည်းနေရှာ
အဲ့ဒီလို တက္ကသိုလ်ဆေးရုံကြီးပေါ်မှာ
အဆောင်သူလေးအကြောင်း ညည်းတွားနေရင်းနဲ့
အခုတော့ လျှောသွားပြီ
အခုတော့ လျှောသွားပြီ
အခုတော့ လျှောသွားပြီ
အချစ်ရူး ဝဋ်ကျွတ်သွားပြီ
ထင်မြင်ချက်ကလေး မဆုံးခင်မှာ
အဆောင်ထဲက သတင်းပေါ်လာ
ညညခြောက်တတ်တဲ့
ညညလှန့်တတ်တဲ့
ညညတွေ့တတ်တဲ့ ဒုက္ခရယ်
အခုမှဒုက္ခပဲ
အဆောင်မှာခြောက်တဲ့ သရဲကြီးရယ်
ဂန္တဝင်မြောက်တဲ့ ချစ်မေတ္တာ
အဆောင်သူလေးလည်း မသိရှာပါ
ဘယ်သူမှလည်း မသိရှာပါ
ဒါကိုခင်ဗျားတို့ လေ့လာပါ
ဒီလိုမဖြစ်အောင် စွမ်းဆောင်ပါ
ဒါကို ကြပ်ကြပ်လေ့လာပါ
ဒီလိုမဖြစ်အောင်စွမ်းဆောင်ပါ
ဒါကိုခင်ဗျားတို့လေ့လာပါ
ဒီလိုမဖြစ်အောင် စွမ်းဆောင်ပါ
ဒါကို ကြပ်ကြပ်လေ့လာပါ
ဒီလိုမဖြစ်အောင် စွမ်းဆောင်ပါ