Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Sar
Athen Cho Swe
Popularity · Low
+
🇲🇲 Burmese · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
ကိုယ်မြတ်နိုးဖူးသူရဲ့
လက်နဲ့ကိုယ်တိုင် ရေးလို့ထားရှာတယ်
အရင်တုန်းက ရင်ခုန်ဖူးခဲ့တဲ့
စာလုံးဝိုင်းလေး တွေကို
ပြန်မြင် လိုက်ရတော့
ပြန်လည်တွေ့ လိုက်ရတယ်
ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး
ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး
ဒီစာ ကို ဖွင့်လို့ မဖတ်ကြည့်တော့ဘူးကွယ်
ကိုယ်ခံစားပြီးနေရ နေ့ရက်တွေဟာ
ဟောင်းနွမ်းသွားပြီပဲ
ဘယ်သဘောမျိုး အကြံစည်မျိုးနဲ့ထပ်မံ
နိုပ်စက် ရပြန်သလဲ
ဒီတစ် ခါ အသဲနှလုံးသား က
မခံနိုင် ငြင်းထုတ်လိုက်တယ်
ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး
ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး
ဒီစာ ကို ဖွင့်လို့ မဖတ်ကြည့်တော့ဘူးကွယ်
အနေဝေးပြီး သွေးအေးသွားတယ်
မင်း ထင်လိမ့်မယ်
တကယ်တော့ ကြိုးစားပြီးမေ့ခဲ့ရတယ်
ပြန်လည်ပြီး လှည့်မကြည့်ရဲတဲ့
တစ် ချိန်က တို့ အတိတ်မှာ
ဆုံးရှုံးမှုတွေ ပေးထားပြီးပြီပဲ
ဆုံးရှုံးမှုတွေ မရှိတော့ဘူးလေ ကွယ်
လိုရာ အသုံးချခဲ့ပြီး သွားတော့သူရယ်
ရက်စက် လိုက်တာကွယ်
ချစ်လွန်းလို့ ရင်မှာ သဘောထားကြီးစွာ
အပြုံးနဲ့ ထွက်ခွာခဲ့
အချိန်ဟာ တို့ဘဝကို
လိမ္မာစွာ ကုသပေးခဲ့
ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး
ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး
ဒီစာ ကို ဖွင့်လို့ မဖတ်ကြည့်တော့ဘူးကွယ်
အနေဝေးပြီး သွေးအေးသွားတယ်
မင်း ထင်လိမ့်မယ်
တကယ်တော့ ကြိုးစားပြီးမေ့ခဲ့ရတယ်
ပြန်လည်ပြီး လှည့်မကြည့်ရဲတဲ့
တစ် ချိန်က တို့ အတိတ်မှာ
ဆုံးရှုံးမှုတွေ ပေးထားပြီးပြီပဲ
ဆုံးရှုံးမှုတွေ မရှိတော့ဘူးလေ ကွယ်
ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး
ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး
ဒီစာ ကို ဖွင့်လို့ မဖတ်ကြည့်တော့ဘူးကွယ်