Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
ChitTarTaKhuHte`ThiTal
စိုင်းထီးဆိုင်
Popularity · Moderate
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
ဘာကြောင့်လဲ
ဘာအတွက်လဲ
ကိုယ်ကချစ်နေမိတာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလို မသိသလိုပါပဲ
ပန်ချင်သူ မရှိလည်း
အချိန်တန်ရင် ပန်းကတော့
ပွင့်နေမှာပဲ
အပိုတွေကို မဆိုတတ်ဘူး
သာမန်လူ တစ်ယောက်မို့လေ
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်
ဘယ်လောက်လဲ
ဘယ်အထိလဲ
ကိုယ်ကချစ်နေခဲ့တာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလို မသိသလိုပါပဲ
ပင်လယ် ဘယ်လောက်ကြီးကြီး
အိုင်ငယ် ဘယ်လောက်သေးသေး
ရေ ရေချင်းတော့တူ
အပိုတွေကိုမဆိုတတ်ဘူး
သာမန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်
ဘယ်ကစလဲ
ဘယ်မှာဆုံးမလဲ
ကိုယ်ကချစ်နေရတာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလို မသိသလိုပါပဲ
နေရာဟာ မတည်ငြိမ်ခြင်း
အချိန်ဆိုတာ မတည်မြဲခြင်းလို့
ယူဆကြရင်
အပိုတွေကို မဆိုတတ်ဘူး
သာမန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်
အပိုတွေကိုမဆိုတတ်ဘူး
သာမန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်
အိုး အို
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်