Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Late Pyar
လေးဖြူ
Popularity · Low
+
🇲🇲 Burmese · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
ငယ်ရွယ်စဉ်ချိန် ဟိုအဝေးက
ပြန်မြင်ယောင်တယ် အရင်အတိတ်ဘဝ အိပ်မက်
ပုံပြင်ဆန်တဲ့ မြို့လေးထဲ
ရင်ခုန်သံတွေ သင်ကြားရင်း လျှောက်ခဲ့
နှင်းများကျနေတဲ့ လမ်းထဲ ကလေးလေးတစ်ယောက် အပူအပင်မဲ့
အဝေးက အစိမ်းရောင်မြက်ခင်းထဲ ကြီးပြင်းရင်းနဲ့
ဒဏ္ဍာရီလို့ စိတ်ကူးများ ပီပြင်လာမယ် ယုံစားတတ်တဲ့ဘဝ
လွင်ပြင်ကျယ်ရဲ့ တစ်ဖက်စွန်းက
ဘယ်လိုနေမယ် ငါ မသိရ အတွေးများ
ကလေးလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့ စဉ်းစား လိုက်မမှီ အဖြေမရှိ
အတွေးလေးထဲ မျှော်ကြည့်ဆဲ စူးစမ်းစိတ်က
မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်
အိုး... မိုးကုတ်စက်ဝိုင်း ဟိုးအစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်
လွင်ပြင်ကျယ် ဟိုဘက်စွန်းက
ဒဏ္ဍာရီပုံပြင်ထဲက
စံပျော်ရာ ဘုံဆောင်နန်းများ
ယုံကြည်စွာ ရှာဖွေဆဲပါ
အချိန်တွေကြာ ခြေကုန်လက်ပန်းကျ
အိမ်ကိုပြန်မယ် ငါစိတ်ကူးမှ
အမှောင်ဝင်နေပြီ ငါတစ်ယောက်တည်း
လမ်းပျောက်နေပြီ...
အစိမ်းရောင်မြက်ခင်းများ
ဟိုးအဝေးမှာ ကျန်နေပြီ...
ဒဏ္ဍာရီလို့ စိတ်ကူးများ ပီပြင်လာမယ် ယုံစားတတ်တဲ့ဘဝ
လွင်ပြင်ကျယ်ရဲ့ တစ်ဖက်စွန်းက
ဘယ်လိုနေမယ် ငါ မသိရ အတွေးများ
ကလေးလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့ စဉ်းစား လိုက်မမှီ အဖြေမရှိ
အတွေးလေးထဲ မျှော်ကြည့်ဆဲ စူးစမ်းစိတ်က
မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်
အိုး... မိုးကုတ်စက်ဝိုင်း ဟိုးအစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်
လွင်ပြင်ကျယ် ဟိုဘက်စွန်းက
ဒဏ္ဍာရီပုံပြင်ထဲက စံပျော်ရာ ဘုံဆောင်နန်းများ
ယုံကြည်စွာ ရှာဖွေဆဲပါ
အချိန်တွေကြာ ခြေကုန်လက်ပန်းကျ
အိမ်ကိုပြန်မယ် ငါစိတ်ကူးမှ
အမှောင်ဝင်နေပြီ ငါတစ်ယောက်တည်း
အဝေးဆုံးမှာ လမ်းပျောက်နေပြီ...
အစိမ်းရောင်မြက်ခင်းများ
ဟိုးအဝေးမှာ ကျန်နေပြီ
အစိမ်းရောင်မြက်ခင်းများ
ဟိုးအဝေးမှာ ကျန်နေပြီ