Skip to content

Short Story From BEHS(12)

J-FirE
Popularity ¡ Low

Listen

YouTube

0:00 / 0:00
Loading YouTube player...
Lyrics offset
Synced

Lyrics

နယ်မြို့လေးတစ်မြို့ကနေ ဒီကိုပြောင်းလာခဲ့တယ် ဆေးရုံကြီးနားက အထက ကျောင်းမှာပဲကွယ် အဖြူအစိမ်းအစုံ ခပ်ကုတ်ကုတ်နဲ့ ကျောင်းလာခဲ့တယ် ၂၀၀၂တုန်းက ပျော်ဖို့ အရမ်းကောင်းတာပဲ တစ်ယောက်ရင်ဘတ်တစ်ခုစီနဲ့ စာပေသင်ကြားကြ တစ်နေ့ ဒီလို့ဖြစ်လာလိမ့်မယ် ငါလေ ထင်မထားပါ လူတွေပြောပြောနေတဲ့ ရေဆက်ဆိုတာ ဒါမျိုးလား (၇)တန်းမှာ ဘေးချင်းကပ်ရပ်ထိုင်ပြီး စာခိုးချ အချိန်စေ့တော့ ပြုံးစိစိနဲ့ စာအုပ်ထပ်ကြတာ ဒါက နှစ်ယောက်ကြားမှာရှိတဲ့ အကြီးဆုံး အမှတ်တရပါ အမှားတူလို့ ဆရာမမေးတော့ အပြိုင်ငြင်းပြီးသားပဲ အဲ့ဒီနောက် သူနဲ့ ကျွန်တော်နဲ့ ပိုပြီး ရင်းနှီးသွားတယ် ဆန်းကြယ်တဲ့ ကိစ္စလေးတွေ မဟုတ်တော့လည်း အလွမ်းမသယ်ခဲ့ နွေရာသီတိုင်းတော့ သူ့ကို ကျွန်တော် လွမ်းဆဲပဲ (၉)တန်းရောက်တော့ အတန်းခွဲတယ် သူငယ်ချင်းတစ်ယောက်ကို ခွဲခွာရတာထက် ပိုပြီး ငါဝမ်းမနည်းခဲ့ မင်းက မင်းက နေနိုင်ပြီလားဆို မင်းက မင်းက ပြောင်းလဲသွားခဲ့လို့ မာနကြီးခဲ့ ငါ၏လက်ရှိဘဝကိုသာ ကျေနပ်ပါပြီ မင်း အခုချိန် စဉ်းစားနေတာ ဘယ်သူ့အကြောင်းလဲ အလွမ်းအဆွေး ဒီရင်ခွင်ကို ထုထောင်းခဲ့ ပေးခဲ့ဖူးတဲ့ ကတိတွေကို အခုမပြောင်းလဲ ယေရှုခရစ်တော်ဆီလည်း ဆုတောင်းမယ် ကံမကုန်တော့လည်း သူနဲ့ ပြန်ပြီးတွေဆုံခဲ့တာ အထက(၁၂) (B)ခန်းကျောင်းသားဟောင်းများတွေ့ဆုံပွဲမှာ အရင်က ပုပုလုံးလုံးနဲ့ အခုမြင်တော့ ဗုန်းဗုန်းလဲ သူကိုကြည့်ပြီး ကျွန်တော် တပြုံးပြုံးနဲ့ နင် အရမ်းလှလာတယ် မှန်းရင် စတာနဲ့ ကျွန်တော့် ဟော့ဒီရင်ဘတ်ကြီးက တစ်ခြမ်းချင်းကြွလာခဲ့ သူ့မွေးနေ့ပြီးတဲ့ နောက်နှစ်ရက်မြောက်တဲ့နေ့မှာ သူ့နှုတ်ခမ်းကို တရားဝင် နမ်းခွင့်ရပါတယ် ဝိတ်တက်နေလိမ့်မယ် ကျောင်းမှာ ဒုတ်ထိုးတွေ မစားနဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးက ရုပ်ဆိုး၍ သွားမယ် နှစ်ယောက်တည်းသိတဲ့ကိစ္စတွေတော့ ပြန်မပြောချင်ဘူး ဒီလိုနဲ့ နေရင်းထိုင်ရင်း တစ်နှစ်ကျော်တဲ့ သံယောဇဉ်တစ်ခု ဖြစ်လာခဲ့တယ် ကျွန်တော့်ကို ချစ်သလို ကျွန်တော်လည်း ချစ်တာပဲကွယ် မေတ္တာမဲ့တယ် သို့သော် သစ္စာမမဲ့ခဲ့ ယုန်လေးလုပ်ပါဦး အာဘွားပေးပါဦး မကုန်ဘဲနဲ့မှာတဲ့မုန့်တွေကိုလည်း လာစားပေးပါဦး မင်းက မင်းက နေနိုင်ပြီလားဆို မင်းက မင်းက ပြောင်းလဲသွားခဲ့လို့ မာနကြီးခဲ့ ငါ၏လက်ရှိဘဝကိုသာ ကျေနပ်ပါပြီ မင်း အခုချိန် စဉ်းစားနေတာ ဘယ်သူ့အကြောင်းလဲ အလွမ်းအဆွေး ဒီရင်ခွင်ကို ထုထောင်းခဲ့ ပေးခဲ့ဖူးတဲ့ ကတိတွေကို အခုမပြောင်းလဲ ယေရှုခရစ်တော်ဆီလည်း ဆုတောင်းမယ် ယောက်ျားပဲဆိုပြီး အားတင်းထားတာတွေတောင် ပျောက်သွားခဲ့ မင်းက ဖောက်ပြားခဲ့ သံယောဇဉ်တွေ ထောက်ထားခဲ့ရင် ရတာပဲဟာ အခုတော့ အားလုံးကို ဘယ်လိုမျက်နှာပြမှာလဲ ရုပ်ရှင်ကြည့်ရင် ကြိုက်တဲ့မုန့်တွေ ဟိုကောင်ဘယ်သိမှာလဲ ဆိတ်သားခြောက်ချက်ကြိုက်တာ ဟိုကောင်ဘယ်သိမှာလဲ ထမင်းစားပြီး အချိုရည်သောက်တာ ဟိုကောင်ဘယ်သိမှာလဲ ခြေထောက်လေးကို ဖွက်ထားတက်တာ ဟိုကောင်ဘယ်သိမှာလဲ ဂျယ်လီတုံးတွေကြိုက်တက်တာကို ဟိုကောင်ဘယ်သိမှာလဲ ခွေးကလေးတွေမြင်ရင် မနေနိုင်တာ ဘယ်သိမှာလဲ အရမ်းချမ်းတက်တာကို ဟိုကောင်ဘယ်သိမှာလဲ ထုတ်မပြခဲ့တာပါ မင်းအပေါ်အချစ်တွေ တကယ်ရှိပါတယ် အသက်ရှုတာတိုင်းက ရင်ကို ဖောက်တဲ့စုတ်ချက်ပဲ ကျုပ်အသက်ထက်ချစ်ခဲ့တာ မင်းမို့လုပ်ရက်တယ် မင်းမို့လို့လုပ်ရက်တယ် မင်းမို့လို့လုပ်ရက်တယ် မင်းက မင်းက နေနိုင်ပြီလားဆို မင်းက မင်းက ပြောင်းလဲသွားခဲ့လို့ မာနကြီးခဲ့ ငါ၏လက်ရှိဘဝကိုသာ ကျေနပ်ပါပြီ မင်း အခုချိန် စဉ်းစားနေတာ ဘယ်သူ့အကြောင်းလဲ အလွမ်းအဆွေး ဒီရင်ခွင်ကို ထုထောင်းခဲ့ ပေးခဲ့ဖူးတဲ့ ကတိတွေကို အခုမပြောင်းလဲ ယေရှုခရစ်တော်ဆီလည်း ဆုတောင်းမယ်