Skip to content

Thit Sar Taw (7)

Sai Sai Kham Hlaing
Popularity ¡ Low

Listen

YouTube

0:00 / 0:00
Loading YouTube player...
Lyrics offset
Synced

Lyrics

တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့ ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက် စိတ် သူစလို့ သီချင်းကိုဆိုတော့ဖြစ်ချင်တဲ့စိတ် သူ့မိဘ အသိုင်းအဝိုင်းက အရိုင်းအစိုင်းလို့ အပြစ်တင်တယ်ဟိတ် ပတ်ဝန်းကျင်ကညစ်ချင်တယ်ဟေး အားလုံးလွင့်စင်အဝေး ဂီတကိုအသစ်ထွင် ဘဝကိုမြှင့်တင် အော်ကာဟစ်ချင်တယ်ဟေ့ အစကအတ္တ တကိုယ်ကောင်းဆန်ပြီး အောင်မြင်ဖို့ အမြှီးအမောက်တွေမတည့်တာတွေ့ရင် နောင်ကျဥ်ဖို့ သူလေလှောင်ချင်လို့ မိန်းကလေးတစ်ယောက်ယောက်နဲ့ကြိုက် ငွေကြေးနာက်ကို တစ်ကောက်ကောက်နဲ့လိုက် ဒါတွေကို လိပ်ပြာမသန့်တော့ အတိတ်မှာထားခဲ့အဆိပ်လိုပဲ သူလေရှောင်ကျဉ်လို့ မာနကကြီးပါသည် ဘဝင်တွေမြင့်ပါသည် ဒါတွေပြီးပါပြီ အခုပရိတ်သတ်ကို အထင်ကြီးလာပြီ အနုပညာလောက အလယ်မှာ ကာလတွေတာရှည်ခဲ့ အခုမြင်လာသဘောပေါက်လာပြီ လူတွေကအထာတွေနဲ့ ကျော်ခွတွန်းထိုးမယ် တက်နင်းမယ် ဘာတွေလဲ နောက်ဆုံးဖြစ်ရမှာက မီးခိုးတွေပြာတွေပဲ အတ္တအခွံကို ချွတ်လိုက်တော့ အနုပညာကပိုလွတ်လပ်လာတယ် ပရိသတ်အတွက် Come On တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့ ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက် တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့ ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက် မနက်ကနေ မိုးစုပ်စုပ်ချုပ် တီးလုံးတွေတဒုတ်ဒုတ်နဲ့ထုတ် ကော်ဖီကိုအဖော်ပြု Computer ရှေ့မှာ တကုပ်ကုပ်နဲ့ရှုပ် ဟိုအရင်လို မဟုတ်တရုတ်တွေရုပ်သိမ်း အရှုပ်ထုတ်တွေချုပ်ငြိမ်း ယိမ်းနွဲ့လို့ စိမ်းလဲ့တဲ့ မီးရောင်အောက်မှာ အလုပ်တွေလုပ် နှစ် လ ရက် အချိန် နာရီမိနစ်စက္ကန့် အရင်းအနှီးလို မြှုပ်နှံကာ အားလုံးအတွက်ပေါ့ မနက်ဖြန် လာမပြာနဲ့ လုပ်ခ လစာငွေကအရေးတော့မကြီးဘူး တွေးတောကြည့်အခု မင်း သူ့လိုလူက သွေးတော့မကြီးဘူး ဒီလိုနဲ့ ဘဝကို ယုံကြည်မှုနဲ့ ရှေ့ဆက် လိုအပ်ခြင်းများကို ကြိုးစားမှုနဲ့ ဖြည့်စွက် အပုပ်ချတဲ့လူတွေက မဲ့ရွဲ့လို့ ကဲ့ရဲ့ ဒုက္ခက ချိုနဲ့လား သတ္တိနဲ့ဇွဲနဲ့ သူလည်းပဲလူပဲခံစားချက်တွေနဲ့ ရင်ထဲက သူလည်းပဲလူပဲနာကျည်းချက်တွေနဲ့ ရင်ထဲမှာ လူတစ်ယောက်ရဲ့တန်ဖိုး အကျိုးရှိအောင်လိုနေရင်းနဲ့ ဖန်တီးတဲ့အရာတွေကတော့ ပရိသတ်အတွက် တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့ ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက် တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့ ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက် တချို့ကတော့ သူ့အကြောင်းကို လုံးဝမသိဘူး အလုပ်ကများ အချိန်ကလည်း လုံးဝမရှိဘူး ဘာကြောင့်ဆို လူ့ဘဝတိုတိုလေးရဲ့နေ့ရက်တွေကို နေထိုင်ရင်း ရေးလိုက်တဲ့ စာရွက်တိုင်းမှာ ဆေးစက်ထင်ဖို့ တစ်ကြိမ်သာရတဲ့ အလုပ်အကိုင်အခွင့်အရေးကို သူ့လက်နဲ့ဆုပ်ကိုင် ချုပ်ကိုင် ရှေ့ရေးမြင်တွေးလို့ မသိတဲ့သူတွေကအထင်သေးလို့ နားလည်တယ်ခွင့်လွှတ်တယ် သူ့စိတ်တတ်ကယဉ်ကျေးလို့ ဝတ်ထားတဲ့ဘောင်းဘီကတော့ စုတ်ကာပြဲ အပုပ်ချကာရှုံ့ချလည်း သီချင်းတွေကိုတော့လုပ်မှာပဲ ဘဝကိုစတေးရေးလို့ ချစ်သူကတောင် စွန့်ပစ်သွားခဲ့ ဒီ mic ဒီ beat အားလုံးပရိသတ်များအတွက် တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့ ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက် တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့ ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက်