Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
Kyway Haung Sat Khwint Pyu Par A May
ထူးအိမ်သင်
Popularity · Low
+
🇲🇲 Burmese · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
မွေးမြေရပ်ကို
အမြန်ရထား ဆိုက်ရောက်ချိန်
ရထားပေါ်ကအဆင်း
နှင်းကြားမှာ
ကြိုသူမရှိ တစ်ဦးတည်းရပ်နေရင်း
ငေးမောရင်းနဲ့ အားငယ်လာ
စွန့်ခွာခဲ့တာ ကြာပြီမို့
ငါ့အတွက်တော့
အသစ်လိုပါပဲ
သူစိမ်းတစ်ယောက်လို
ဘယ်သူများ ရုတ်တရက်လှမ်းခေါ်မလဲ
လမ်းဟောင်းလေးအတိုင်း
လျှောက်ပြန်လာ
အသည်းကွဲခဲ့တဲ့
အမေရဲ့သား ပြန်လာပြီ
သုံးနှစ်လောက် အမေ့ဆီမပြန်ဘဲ
လွင့်တဲ့သား လူမိုက်လေ
မြို့ပြရဲ့ အရိပ်အောက်မှာ
ဘဝသစ် ထူထောင်ရင်း
အသည်းကွဲခဲ့တဲ့
အမေ့ရဲ့သား ပြန်လာပြီ
အမေ့ရင်ထဲမှာ
ရာသီအလိုက် ပန်းလေးတွေ
ပွင့်နေမှာပဲ တွေးမိတယ်
ဘယ်နေ့များ
သားမိုက် ရောက်လာမလဲ
ပန်းခင်းလေးထဲ ငေးနေမလား
အမေ့ခြံထဲမှာ နေထိုင်ရင်း
ဘဝသစ်မှာ
အမေ့ကိုကူရင်း
နှလုံးသားကို
ပြန်လည်လို့ ထိန်းကျောင်းပြုပြင်ရင်း
ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ
အသည်းကွဲခဲ့တဲ့
အမေရဲ့သား ပြန်လာပြီ
သုံးနှစ်လောက် အမေ့ဆီမပြန်ဘဲ
လွင့်တဲ့သား လူမိုက်လေ
မြို့ပြရဲ့ အရိပ်အောက်မှာ
ဘဝသစ် ထူထောင်ရင်း
အသည်းကွဲခဲ့တဲ့
အမေ့ရဲ့သား ပြန်လာပြီ
အသည်းကွဲခဲ့တဲ့
အမေရဲ့သား ပြန်လာပြီ
သုံးနှစ်လောက် အမေ့ဆီမပြန်ဘဲ
လွင့်တဲ့သား လူမိုက်လေ
မြို့ပြရဲ့ အရိပ်အောက်မှာ
ဘဝသစ် ထူထောင်ရင်း
အသည်းကွဲခဲ့တဲ့
အမေ့ရဲ့သား ပြန်လာပြီ
မွေးမြေရပ်ကို
အမြန်ရထား ဆိုက်ရောက်ချိန်
ရထားပေါ်ကအဆင်း
နှင်းကြားမှာ
ကြိုသူမရှိ တစ်ဦးတည်းရပ်နေရင်း
ငေးမောရင်းနဲ့ အားငယ်လာ
အမေ့ခြံထဲမှာ နေထိုင်ရင်း
ဘဝသစ်မှာ
အမေ့ကိုကူရင်း
နှလုံးသားကို
ပြန်လည်လို့ ထိန်းကျောင်းပြုပြင်ရင်း
ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ
ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ
ကျွန်တော့်ကို
ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ