Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
သောကြာမိုး
ပုံရိပ်
,
Aung Kaung Myat
Popularity · Low
+
🇲🇲 Burmese · Original
0
0
YouTube
Searching YouTube...
Lyrics
Original
Translation
Bilingual
သောကြာနေ့မှာမိုးတွေသည်းတယ်
ခြောက်လပိုင်းဆိုအလွမ်းတွေတဝဲလည်
အချစ်ကမိုးရေထဲ နာဖျားပါသည်
ဖြတ်လာခဲ့လယ်ကွင်းပြင်လေးနဲ့
ယိမ်းကာနွဲ့တဲ့အုးန်ပင်လေးရယ်
ငေးကြည့်မိချိန်မင်းကိုလွမ်းပါသည်
တို့ရဲ့ရှေးရှေးတုန်းကပုံပြင်လေးထဲမှာ
မင်းဟာငါ့ရဲ့ကဗျာ
တစ်ဖွဲဖွဲကျတဲ့မိုးစက်လေးအောက်မှာ မင်းကလှလိုက်တာ
ဆံနွယ်လေးများ ညင်သာစွာကျ
ငါ့တစ်ကိုယ်လုံးစိုရွှဲလို့သွား
ကျောင်းတွေဖွင့်ရင် ပန်းတွေပွင့်ပြီ
လျှောက်လာခဲ့စိန်ပန်းပင်လေးဆီ
ကျောင်းထိပ်အုတ်ခုံလေးဟာအထီးကျန်ပြီ
ခေါက်ရိုးထင်ခဲ့တဲ့စက္ကူလေးရယ်
ရေးခြစ်ထားတာ မင်းနာမည်လေးနဲ့
သည်းသည်းမည်းမည်းမိုးနဲ့အလွမ်းရာသီ
တို့ရဲ့ရှေးရှေးတုန်းကပုံပြင်လေးထဲမှာ
မင်းကပန်းခတ္တာ
ထီးကလေးတစ်ချောင်းနဲ့စောင့်နေမိခဲ့တာ ကတ္တရာလမ်းထက်မှာ
အဖြူရောင်ပိတ်စ အဖြူရောင်ဇာတ်လမ်း
တစ်ခန်းရပ်သွားလည်း ခုထိလွမ်း
သောကြောနေ့မှာမိုးတွေသည်းတယ်
မိုးရနံ့လေးတွေစွန်းထင်ခဲ့
ခြံစည်းရိုးလေးပေါ် ကန်စွန်းရွက်လေးတွေချည်း
ခေါင်မိုးမှာမိုးယို စက်ဘီးမှာခရုခို
အစိမ်းရောင်ပုဆိုးနဲ့ ရှပ်အဖြူလေးကို
ထုတ်မကြည့်မိတာနေ့ရက်များကြာပြီ
တို့ရဲ့ရှေးရှေးတုန်းကပုံပြင်လေးထဲမှာ
အမှတ်တရပေါင်းများစွာ
ရိုးရိုးသားသားပွေ့ဖက်ခြင်းမျိုးကိုလက်ဆောင်ပေးစမ်းပါ
အဖြူရောင်အတွေးများမြေပေါ်မှာခ
ရွှံ့ဗွက်လေးထဲပြုတ်လို့ကျ
သောကြာနေ့မှာမိုးတွေသည်းတယ်
ခြောက်လပိုင်းဆိုအလွမ်းတွေတဝဲလည်
အချစ်ကမိုးရေထဲ နားဖျားပါသည်။