Skip to content
Lyric
Dive
Public playlists
My playlists
Search
Sign in
A Pyit Ta Khu Phan Sin Chin
မျိုးကြီး
Popularity · Low
+
🇲🇲 Burmese · Original
0
0
Listen
YouTube
1
2
3
0:00 / 0:00
Loading YouTube player...
Lyrics offset
Synced
Lyrics
Original
Translation
Bilingual
ပြတ်သားကြရမယ့်အဖြစ်တွေ ဒါအိပ်မက်လား
ဝေးလွင့်ခြင်းရဲ့မြားတွေ ရင်ကိုခွင်းထား
လှပခဲ့တဲ့အတိတ်ဟာ ကြေကွဲခြင်းရဲ့ကောင်းကင်မှာ
လွင့်ထွက် ကွဲအက် ပဲ့ကြွေ ကြယ်တံခွန်တစ်ခုလား
အတားအဆီးမဲ့တဲ့အရှုံးတွေ ရင်မှာဒဏ်ရာစူး
ပြေးထွက်ရုန်းလို့မလွတ်နိုင် နွယ်ပင်တွေရဲ့ဆူး
အဆိပ်တက် အိပ်မက်ဆိုးများ ငါလေ အဝေးဆုံးပြေးရမလား
ငါတမ်းတရင်းနဲ့ပွေ့ဖက် ဒါအချစ်ရဲ့အတ္တများ
ငါလေ မင်းတစ်ယောက်ထဲအတွက် အသက်ရှင်
အစွန်းရောက်အချစ်နဲ့
အချစ်ရဲ့အတ္တ ငါ့အတွက်အပြစ်တစ်ခုဖန်ဆင်း
ငြိမ်းလို့မရတဲ့မီးကို ဘယ်လိုတားဆီးလို့မနိုင်
လောင်ကျွမ်းသွားလိုက်စမ်း တို့အတွက်အပြစ်တစ်ခုဖန်ဆင်း
အို ဝူး ဝိုး ဟိုး
ခါးသီးလှတဲ့အမုန်းဒဏ် ငါခံနိုင်မလား
အေးစက်သွားမယ့်ဘဝတွေ အတူတူခံစားမလား
ဝေးသွားရတော့မယ့်အတူ ဒါမိုက်မဲခြင်းပဲလား
တို့အတွက်ရွေးခွင့်ရှိတယ် ဟိုအဝေး အဝေးဆုံး
အဆိပ်တက် အိပ်မက်ဆိုးများ ငါလေ အဝေးဆုံးပြေးရမလား
ငါတမ်းတရင်းနဲ့ပွေ့ဖက် ဒါအချစ်ရဲ့အတ္တများ
ငါလေ မင်းတစ်ယောက်ထဲအတွက် အသက်ရှင်
အစွန်းရောက်အချစ်နဲ့
အချစ်ရဲ့အတ္တ ငါ့အတွက်အပြစ်တစ်ခုဖန်ဆင်း
ငြိမ်းလို့မရတဲ့မီးကို ဘယ်လိုတားဆီးလို့မနိုင်
လောင်ကျွမ်းသွားလိုက်စမ်း တို့အတွက်အပြစ်တစ်ခုဖန်ဆင်း
အို ဝူး ဝိုး ဟိုး ဝိုး Come on!
ဟေ့ Baby အို သိပ်ချစ်ရင် ဒီလိုအချိန်လေး
တို့အတွက် မင်းအတွက် ရှိတယ် ဖန်ဆင်းလိုက်ကြစို့
ငြိမ်းရခက်တဲ့မီးကို ငါလေ တားဆီးလို့မရ
လောင်ကျွမ်းလိုက်ကြစို့ ဒါဟာ အပြစ်တစ်ခုလားဟေ့
ငါတို့ အပြစ်တွေဖန်ဆင်း
တခါတရံ မိုက်မဲခြင်းအတွက်
မင်းလေးရဲ့အတွက်နဲ့ ငါ့ရဲ့အစွန်းရောက်အချစ်နဲ့
အပြစ်တစ်ခုဖန်ဆင်းမယ် ယုံ
ဝိုး ဝိုး ဟိုး ဝိုး ဝိုး ဟိုး
တို့အပြစ်တွေ အပြစ်တစ်ခုဖန်ဆင်း